"မမြင် နိုင် သော" (Part 1 to 5 ) ❤❤❤👭

"မမြင် နိုင် သော" (Part 1 to 5 )


❤❤❤👭👯

Warning- Yuri (lesbian)



  • Part 1


ဆယ် နှစ်နီးပါးရှိခဲ့ပြီ…
မမြင် နိုင် တဲ့အရာတစ်ခုက ကျနော့်ကိုအမြဲ ကြည့်နေတယ်
မမြင် နိုင် တဲ့အရာတစ်ခုက ကျနော့်ကိုအမြဲ
ဆက်သွယ်ဖို့ကြိုးစားနေတယ်
မမြင် နိုင် တဲ့အရာတစ်ခုက ကျနော့် ကိုအိပ်မက်တွေ ပေးလေ့ရှိတယ်
မမြငိ နိုင် တဲ့အရာတစ်ခုက ကျနော် စိတ်ဓာတ်ကျနေရင် အဆင် ပြေ အောင် အမြဲကူညီတယ်
မမြင် နိုင် တဲ့အရာတစ်ခုက ကျနော့်ကို ထိခိုက်အောင် လုပ်တဲ့လူတွေကို ကြမ္မာဆိုးနဲ့ကြုံတွေ့စေတယ်
ဒါပေမဲ့ …
အဲ့ဒီ့မမြင် နိုင် တဲ့အရာတစ်ခုကြောင့် …
တဖြည်းဖြည်းနဲ့…
*ကျနော် ဟာ ကျနော်မဟုတ်သလိုခဏခဏ ခံစားရတယ်
*ကျနော်ဟာ ကျနော် မသိလိုက်ပဲ ပြုမူ ပြောဆိုတာမျိုးတွေကို ခဏခဏကြုံရတယ်
*ကျနော် စိတ်ဓာတ်တွေအရမ်းကြမ်းလာတယ်
*အဖြူထည် ကျနော်နဲ့ အမည်းရောင် ကျနော်
အပြုအမူတွေက လူနှစ်ယောက်လိုဖြစ်နေ ပေမယ့်
ကျနော်ဟာကျနော်ပါပဲ တစ်ယောက်တည်းပါပဲ
ကျနော့်အဖြူထည် စိတ်က ကျနော့်အမည်းရောင် စိတ် ရဲ့ လွှမ်းမိုးမှုကိုခံထားရတယ်
*ကျနော့်စိတ်အမှန်က ပိုအေးစက်လာတယ်
*ကျနော့်အ တွေး တွေကပိုရက်စက်လာတယ်
*အ မှောင် ကိုပိုကြိုက်လာတယ်
အဖြူထည်စိတ် ရုန်းကန်နေရတဲ့အချိန်မှာ အမည်းရောင် စိတ်ကို ကြောက် ရွံသလို ဖြစ်ပေမယ့်
မသိစိတ်က ထူးဆန်းစွာ အဲ့အမည်းရောင် စိတ်ကိုပဲပိုတမ်းတ နေမိတယ်
ပိုထူးဆန်းတာက အဲ့ မမြင် နိုင် တဲ့အရာကို ကျနော့်အနားမှာမိသားစုလိုဖမ်းဆုပ် ထားချင် မိတာကိုပဲ …

**************


notebook ထဲ အထက်ပါစာတွေ ရေးအပြီးဘောပင် ကို ကိုက် အ တွေးထဲ နစ်မြော နေတာအချိန်ဘယ်လောက်ကြာသွားသည်မသိ
"ဟဲ့ နင် ဘာတွေ ရေးနေတာလဲ"
အသံနဲ့အတူ ဘေးနားရောက်လာတာက
"လန့်လိုက်တာ ဝိုင် ရာ နင် လာတာငါ့အ တွေးပျက်တယ်"
သူ စိတ်အလိုမကျပဲ ပြန်ပြောမိတော့ ဝိုင် က နှုတ်ခမ်းတစ်တောင် လောက်ထော်ပီး
"အမယ် နင် က ငါလာတာမကြိုက်ဖူးပေါ့"
"အေး ဟုတ်တယ်"လို့ ခပ် ရွတ် ရွတ်ပြန်ပြောမိ တော့ ဝိုင် က မျက်လုံးကြီးပြူးပြီး "ဘာပြောလိုက်တယ်"ဟု ပြန်အော်သည်
"နားမပါဘူးလား ကြားတဲ့အတိုင်းပဲ"
"နင် … နင် …စိတ်ထဲမပါတဲ့စကားတွေခဏခဏမ ပြောနဲ့ဟာ"
"သိ ရင် ဒေါသထွက်မ နေနဲ့လေ"
"ဒေါသထွက်တာမဟုတ်ဘူး စိတ်မ ကောင်းတာ"
"ဝိုင် ရယ် နင် ဘာလို့……"
သူ့လည်ချောင်းဝက စကားက ဆက်မထွက်တော့ပါ
တကယ်တော့ ဘာလို့ ငါ့ကို ရင် ခုန်အောင် လာလာလုပ်နေတာလဲလို့ ပြောမလို့ပါ
"ဆက်ပြောလေ မြေ့"
သူခေါင်းက ပျော့စင်းစင်း မ ဟော်ဂနီ ရောင် ဆံပင် အချွန်အမျှင် တွေကို လက်နဲ့ထိုးဖွ လိုက်ပြီး
"ဘာမှမဟုတ်တော့ဘူး"လို့ ခပ်တိုးတိုးပြန်ပြောဖြစ်သည်
"ကဲ အဲ့ဒါဆို ထ အပြင် သွားမယ် ငါနဲ့ "
ဝိုင် က ပြောလည်းပြော သူ့လက်ကိုအတင်း ဆွဲ သည် သူ မငြင်းတော့ပါ ဝတ်ထားလက်စ အရိုးခေါင်းပုံ T shirt အနက် ပေါ်က နေ ရှပ်အကျီမီးခိုးအကွက် လက် ရှည်ကို ထပ်ဝတ် လ်ုက်သည်
ဝိုင် ရဲ့ မျက် နှာလေး ဝင်းလက်သွားသည်
သူ ရင် တွေ ခုန်နေတာကို ဝိုင် သိသွားမှာစိုးလို့မနည်းဟန်ဆောင် နေရသည်

ဝိုင် နဲ့သူနဲ့က ကိုးတန်းတည်းက အတန်းအတူတူပါပဲ အဲ့တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြသည် အခု uni second year ထိ အတန်းတူတုန်းပါ
ဝိုင် က သူ့ကို best fri လို့ သ ဘောထားတာသူသိသည် အ ပေါင်းအသင်းအလွန် ရှားသော အေးစက်စက် နိုင် သော ဘုဂလန့် နိုင် သောသူ့ကို ဝိုင် တစ်ယောက်သာ သည်းခံနိုင် လေသည် သူက တော့ဝိုင့် ကို မြင် ကတည်းက စိတ်ဝင် စားသည် နောက်တော့ စိတ်ဝင် စားရာက နေ ချစ်လာသည် ယ နေ့ထိ မုန်းမေ့မရ အောင် ချစ်သည် တသက်လုံးလည်းချစ်နေဦးမည်
ဘာလို့ဖွင့်မ ပြောတာလဲဆိုတော့ …………


******************


  • Part-2 



"ဝိုင် " 🍷🍷


class ထဲမှာစာအုပ်တွေ သိမ်းနေတုန်း အသံကြားလို့်ကြည့်လိုက်တော့
" သြော် … သွဲ့  ပြောလေ"
သွဲ့  ဆိုတာက သူတို့ class ထဲပြောင်းလာတာမကြာသေးတဲ့ ကျောင်းသူ သစ် ပါ
"ဟိုလေ… ဝိုင် …မ နေ့က tutorial ချိန်က ဘယ်ဘက်နောက်ဆုံးတန်းက အစွန်ဆုံး ထောင့်မှာ ထိုင် တဲ့ မ ဟော်ဂနီ ဆံပင် နဲ့ကောင် လေးနာမည်က ဘယ်လိုခေါ်လဲဟင် "
မြေ့ ကို မေးနေတာပဲ .မြေ့က အတန်းသိပ်တက်လေ့မရှိပါ Tutorial ချိန်ပဲလာတာများသည်
"သြော် … ငါ့သူငယ်ချင်းလေ သူ့နာမည်က ဆွေးမြေ့ တဲ့"
"ဆွေးမြေ့ …သူ့ရုပ်က ဆွေးမြေ့ နေတဲ့ပုံမ ပေါ်ဘူးနော် အေးစက်စက် နဲ့ အားလုံးထဲမှာထူးခြားနေလို့မေးကြည့်တာပါ"
သွဲ့စကားကြောင့် ဝိုင် ရယ်မိသည်

"ဟုတ်တယ် သူကအဲ့လိုပဲ "
"ဝိုင် "
မြေ့ပါလား .
"မြေ့ ဒီနေ့ tutorial မရှိဘူးတဲ့"
ဝိုင့်စကားကြောင့် မြေ့ မျက်ခုံးထူထူတန်းတန်းလေးတွေ ပိုပီးတွန့်ကုပ်သွားသည်
"အဲ့လိုမှန်းသိရင် မလာပါဘူး"
ဟု မြေ့ က ရေ ရွတ်သည်
သွဲ့ က တော့အနီးကပ် မြင် လိုက် ရတဲ့ မြေ့ကို ငေးနေမိသည် ဆွေးမြေ့ ဆိုသော ကောင် လေးကအသားက တော်တော်ဖြူသည် သူ့မျက် နှာသွယ်သွယ်ပေါ်မှာ အီမို ပုံစံ မ ဟော်ဂနီရောင် ဆံပင် အချွန် အမျှင် ပျော့စင်းစင်း လေးတွေ နဲ့လိုက်ဖက်သည် ဘယ်ဘက်ပါးမှာမှဲ့နက် လေးကထင်းနေသည် နှာတံစင်းစင်း နှုတ်ခမ်းပါးပါးလေး .သို့သော်…မျက် ဝန်းတွေက တော့ မိန်းက လေးတစ်ယောက်လိုနူးညံ့ချောမောသော မျက် နှာနှင့် မလိုက် အောင် ခက်ထန် စူးရှလွန်းသည်
သူ့မျက်ဝန်းထဲမှာအေးစက် မာကြောမှုတွေကို သွဲ့ခံစားရသည် သွဲ့ သူ့မျက် ဝန်းတွေကို တော့ကြောက်သား . သူ့အရပ်က တော့ အလွန်ဆုံးရှိ 5'8" လောက်ပဲရှိမည် သူ့တစ်ကိုယ်လုံးခြုံပြောရ ရင် မိန်းက လေးတစ်ယောက်လိုဖြူဖြူသွယ်သွယ် လေး .
သူအလွန်ချောပါသည်
"သွဲ့ "
ဝိုင် က မြေ့ နဲ့ မိတ်ဆက်ပေးမလို့ ပါ
"ဟင် .…"
ငေးကောင်းကောင်းနဲ့ငေးနေပြီးမှသွဲ့ ရှက်သွားသည်
မြေ့က သွဲ့ကို အေးစက်စက်ကြည့်နေသည်
"ဝိုင် …ငါသွားနှင့်မယ် လုပ်စရာလေးတွေ ရှိလို့ နင် နောက်မှလိုက်လာခဲ့တော့"
မြေ့ ပြောပြီးထွက်သွားသည်
"ဟဲ့ နေဦး မြေ့… "
မြေ့ က လုံးဝလှည့်မကြည့်ပါ
"အားနာလိုက်တာ သွဲ့ ရယ် သူကအမြဲအဲ့လိုပဲ ဒါပေမဲ့စိတ် ရင်းကောင်းပါတယ် "
"အင်းပါ ရပါတယ် ဝိုင် ရယ် "
"ဒါနဲ့သွဲ့ … မြေ့ကို တကယ့်ယောက်ျားလေးလို့ထင် လား"
သွဲ့ က ဝိုင့်စကားကြောင့် ပါးစပ်အ ဟောင်းသားဖြစ်သွားပြီး
"ဟင် … ယောက်ျားလေးမဟုတ်ဘူးလား"
"မဟုတ်ဘူး သွဲ့ … သူက မိန်းက လေးပါ . သူ ယောက်ျားလေးလို နေရတာကြိုက်ပေမယ့် ဒီနေ့ထိ တော့သူ ဘယ်မိန်းက လေးကိုမှစိတ်ဝင် စားတယ်ပြောသံမကြားဖူးဘူး"


*****************



  • Part-3

ဒီနေ့ ဝိုင့် မွေးနေ့ …
ဖန်ဘူးလှလှလေးထဲမှာ ကြယ်ရောင် စုံလေးတွေ ရောင် စုံစာလိပ် အတိုလေးတွေ သုံးရောင် ခြယ် lollipop လေးတွေ နေရာယူထားသည်
မြေ့ က ဖန်ဘူးလေးကို ကြည့်နေမိသည်
ဒီဖန်ဘူးထဲက ကြယ်လေးတွေ စာလိပ်လေးတွေကသူကိုယ်တိုင် ခေါက်ထားတာပါ
ဝိုင် က lollipop အလွန်ကြိုက်ပါသည်
သူ ဖန်ဘူးလေးကို ကျေနပ်စွာကြည့် ရင်း ကျောပိုးအိတ်ထဲထည့်လိုက်သည်
သူ့နောက်မှာဘယ်သူမှ မရှိပါပဲ သူ ထိုင် နေတဲ့ခုံ အနည်းငယ် လှုပ် ရှားသွားသည်
သူကလှည့်မကြည့်ပဲ

"ငြိမ်ငြိမ်နေ ဟာ ငါအပြင် သွားမလို့ "
ဘာလှုပ် ရှားမှုမှ ထပ်မရှိတော့ပါ


******************


မြေ့ တစ်ယောက် အ တွေးပင် လယ်ချဲ့ ရင်း ကျောင်းဝင်းထဲဝင် လာသည် ဒီဘူးလေး ဝိုင့်ကို ပေးရင် ဝိုင့်မျက် နှာလေးဘယ်လိုဖြစ်သွားမလဲ …ဝမ်းသာသွားမှာတော့သေချာပါသည်
ဒီနေ့ tutorial ပြီးရင် ဝိုင် က သူ့မွေးနေ့ မှာသူနဲ့အပြင် လျှောက်လည်ဖို့ မနားတမ်း တတွတ်တွတ် ပြော တော့မည်ကို ကြိုသိနေပါသည် သူ ဖန်ဘူးလေးကို ကျောပိုးအိတ်ထဲမှ ထုတ်ကြည့်မိသည်
ထိုစဉ် အမှတ်မထင်မြင် လိုက် ရ သော မြင် ကွင်းတစ်ခု…
"ခွမ်း… "
လက်ထဲမှ ဖန်ဘူးလေးက မြေပြင် မှာ ကွဲနေ လေပြီ
ဝိုင့်ခါးကို ဖက် ထားသော ယောက်ျားတစ်ယောက် .ဝိုင် ကပြုံးရယ်လို့ သူ့ကို မြင် ဟန်မတူပါ
သူခပ်ဟဟ ရယ်မိသည် ဟုတ်သားပဲ …ဝိုင့် မှာ ရည်းစားရှိသည် သူ့ရည်းစားက အလုပ် တဖက်နဲ့မို့လို့ ဝိုင် နဲ့တစ်လ နေမှ တခါ နှစ်ပတ်နေမှ တခါ လောက် တွေ့ဖြစ် ကြ သည်
သူဘာလို့ ဝိုင် ရည်းစားရှိတာကို လုံးဝမေ့နေတာလဲ
သူ့ဒိုင် ယာရီထဲ မှာသူရေးထားသလို ပဲ သူကသူမဟုတ်သလိုခံစားရပြန်ပြီ
သူ ဘာလို့အဲ့လောက် စိတ်တွေ လွတ်နေတာလဲ
ဘာတွေလဲကွာ……………
သူ မမြင် ရတဲ့အရာတစ်ခုက သူ့ကိုထိန်းချုပ်နေတာလား…
သူ ဝိုင့် မွေးနေ့တိုင်းမှာ ဝိုင် နဲ့အတူမရှိခဲ့ပါ bd wish sms လည်းမပို့ခဲ့ဘူးပါ
ဝိုင့် မွေးနေ့တိုင်းမှာ ဝိုင့်နားမှာနေခွင့် ရ သော သူသည် ဝိုင့် ချစ်သူသာဖြစ်သည်
သူ အဲ့ဒါကို ဘာလို့ မေ့လျော့နေတာလဲ
ဝိုင် က သူ့ မွေးနေ့တိုင်းမှာ bd wish ပို့ သည်
လက်ဆောင် တွေ ပေးသည် သူက အေးစက်စက် နှင့်အမြဲငြင်းခဲ့သည်
ဘာလို့လဲဆိုတော့ ဝိုင် နဲ့နီးလေ ဝိုင် ကပိုဂရုစိုက်လေ ဝိုင့်အ ပေါ်သူ့အချစ်တွေ ကိုမမြိုသိပ် နိုင် မှာစိုးလို့ပါ
ဒါကြောင့်ပဲ ဝိုင့် မွေးနေ့ တိုင်းသူအမှတ် ရတာ တောင် မသိချငိ ယောင် ဆောင် ခဲ့သည် မေ့ချုင် ယောင် ဆောင် ခဲ့သည် အခုကျတော့ ဘာလို့ ကိုယ်တိုင် လုပ်ထားတဲ့ handmade တွေ ပေးချင် နေရတာလဲ
"ဟယ် မြေ့"
သူလှည့်ထွက်မယ်ကြံ ပေမယ့် မမှီတော့ပါ ဝိုင် ကမြင် သွားပီးလှမ်းခေါ်သည်
ဘယ်လိုလုပ် ရမလဲ ဝိုင် ရယ် ငါ့ ရင် ဘတ်ကြီးတခုလုံး စူးစူးနစ်နစ်နာ နေတယ်
လက်ဖျားတွေ အေးစက်လာတယ်
"ငါ …ငါ ဝင် နှင့်မယ် ဝိုင်"
သူ့အသံ တွေ တုန် ယင် နေသည်
ဘာဖြစ်တာလဲ သူဘာဖြစ်နေတာလဲ
သူ့အမူအရာ တွေသိသိသာသာ ပျက်နေသည် ခါတိုင်း ဝိုင့် ရည်းစားနဲ့ ဝိုင့်ကို မြင် နေကျပဲ မြိုသိပ် ဟန်ဆောင် ကောင်းခဲ့တာပဲ အခုကျမှ ဘာလို့ ငိုချမတတ် ဖြစ်နေတာလဲ
"မြေ့ နင် ဘာဖြစ်နေတာလဲ"
ဝိုင် က အနားလည်းရောက် လာ သူ့လက်ကို လှမ်းဆွဲသည် ဟင် … မြေ့ လက်ဖျားတွေ အေးစက်နေတာပဲ မျက်ဝန်းတွေအမြဲခက်ထန်နေတဲ့မြေ့က အခု
ထူးဆန်းစွာ မျက် ဝန်းကမျက် ရည် တွေဝဲ အရည်လဲ့ နေသည် တဖက်သားမျက်နှာကို ဘယ်တော့မှ မ ရှောင် ပဲ ခက်ထန်တဲ့အကြည့်တွေနဲ့စိုက်ကြည့် လေ့ ရှိတဲ့ မြေ့က အခု ဝိုင့်ကို မျက် နှာလွှဲနေသည်
ဝိုင် တွေးနေရင်းမှ ခြေ ထောက် အောက်က တစုံတရာရှိသည်ကို သတိထားမိ၍
"ဟင် ကြယ်လေးတွေပါလား lollipop လေးရောပဲ "
"ဟုတ်…ဟုတ်တယ် ငါ့လက်က လွတ်ကျသွားတာ"
အထစ်ထစ် အ ငေါ့ငေါ့နဲ့ မြေ့ ဖြေသည်
"နင့် …နင့် ကို မွေးနေ့လက်ဆောင် ပေးဖို့ ယူလာတာ …Sry…ငါအသုံးမကျလို့ ကွဲသွားပြီ"
မြေ့ စကားအဆုံးမှာ ဝိုင် မျက်လုံးလေးပြူးသွားသည် ထို့နောက် မြေ့ ကို ဖက်လိုက်သည်

"မြေ့… နင် ငါ့ကိုတစ်ခါမှ bd present မ ပေးဖူးဘူးနော်…ငါ အခုအရမ်းပျော်တယ် "
"ဟာ… ဝိုင် …လွှတ်ဟာ…လူကြားထဲမှာ "
သူ့ နှလုံးခုန်သံ တွေ အရမ်းမြန်လာသည် သူရင် တွေအရမ်းခုန်နေတာကို ဝိုင် သိလို့မဖြစ် .ပြီးတော့ ဝိုင့် ဆီက ရတဲ့ ကိုယ်နံ့သင်းသင်းလေး …ဝိုင် ရယ် ငါ နင့်ကို အရင် ကထက်ပို စွဲလမ်းနေမိပြီထင် တယ်ဟာ
"မလွှတ်ဘူးဟာ "
ဝိုင် က ပြောလည်းပြော သူ့ရင် ဘတ်မှာမျက် နှာလေးမှီထားသည် မဖြစ်ဘူး…
"ဝိုင် …ဟိုမှာ နင့် ရည်းစားတမျိုးထင် သွားမယ်"
"မထင် ပါဘူးဟ နင် မိန်းက လေးမှန်း သူသိတာပဲဟာ . ဘာဖြစ်လဲ မိန်းက လေးသူငယ်ချင်းအချင်းချင်း ဖက်တာ"
မိန်းက လေးတဲ့လား…မိန်းက လေးသူငယ်ချင်းတဲ့လား ဝိုင် ရယ်

*****************


  • Part-4



မြေ့ Tutorial တွေလာမ ဖြေတာ ဝိုင့် ကိုအဆက်အသွယ်မလုပ်တာ လေးရက် ရှိပီ
သူမ ဖုန်း ခေါ်တာလဲ ဘယ်လိုမှ ခေါ်မရပါ
အိမ်လိုက်သွားတော့လည်း အိမ်တံခါး သော့ပိတ်ထားသည်
မြေ့က tutorial တွေ မပျက်ဖူးပါ သူမ ကို ဒီလောက်ထိအဆက်အသွယ် ဖြတ်ထားတာမျိုးမလုပ်ဖူးပါ
မြေ့ မိဘ တွေဆီဖုန်းဆက်ကြည့်တော့လည်း သူတို့ကအလုပ်ကိစ္စနဲ့ ခရီးသွားနေသည် မြေ့က အိမ်မှာတဲ့ အိမ်မှာဆိုဘာလို့ အိမ်တံခါးက အပြင် က သော့ခတ်ထားရတာလဲ မြေ့ မိဘ တွေ ဆီ ဖုန်းပြန် ဆက်ကြည့်တော့လည်း ဖုန်းမကိုင် ကြပါ ပြန်လည်းမဆက်ကြပါ မအားလို့နေပါလိမ့်မည် သူမ လူကြီးတွေကို အ နှောင့်အယှက်မ ပေးချင် တော့ပါ
မြေ့ ကိုသူမ စိတ်အရမ်းပူနေပါသည်
မြေ့ပုံစံက သူမ မွေးနေ့တည်းက သိသိသာသာပြောင်းလဲနေသည် ငိုချ တော့မတတ် မျက်ဝန်းတွေ အေးစက်နေ သောလက်တွေ တခုခုကိုစိုးရိမ်နေဟန်တွေ …ရှင်းရှင်းပြောရ ရင် မြေ့ ကိုအဲ့လိုပုံစံမြင် ဖူးတာ အထက်တန်းတည်းက ဒါပထမဆုံးပဲ . ဘာဖြစ်သွားတာလဲ ? မြေ့ ရဲ့ ခက်ထန်တဲ့မျက် ဝန်းတွေ . တခါမှမစိုးရိမ် မပူပန် ဘူး တဲ့ အမူအရာတွေ . တခါမှ ငိုဟန်မရှိတဲ့အမူအရာတွေ ဘယ်ရောက်သွားတာလဲ? သူမ တွေးနေရင်းက မြေ့ ခြံ ရှေ့ထပ်ရောက်လာပြန်သည် ဧကန္တ…သူ အထဲမှာရှိ ရဲ့သားနဲ့! …
"မြေ့ … မြေ့ ငါ ခေါ်တာကြားလား အထဲမှာရှိ ရင် တံခါးလာဖွငိ့ ပေးပါဟာ နင့်ကိုစိတ်ပူလို့ပါ"
ဝိုင် က လူခေါ်ဘဲလ် လဲတီး အသံ ခပ်ကျယ်ကျယ် မြှင့် ပြီး ခေါ်လိုက်ခြင်းပါ
မြေ့ အခန်းထဲက လိုက်ကာ ကို အသာလှပ်ပြီးချောင်းကြည့်မိသည် ဝိုင် ပါလား…ခြံ ရှေ့မှာ…
"မြေ့…မြေ့… "
ကျစ် ! ဒီ ကောင် မ လေး ဘာလို့ထပ် ရောက်လာပြန်တာလဲ အမှန်အတိုင်းပြော ရ ရင် ဟိုးတစ်နေ့ ဝိုင့် မွေးနေ့တည်းက သူ ပက်ပက်စက်စက်အသည်းကွဲနေသည် ခါတိုင်းထက်ဘာလို့ ရုပ်ဆင်းပျက်ဆင်း ခံစားနေရလဲဆိုတာသူမသိပါ သူ ဝိုင့် ကို ရှောင် နေခြင်းဖြစ်သည် သူ့ပျက်ယွင်းသောအမူအရာများကို ဝိုင့်အားထပ်မမြင် စေချင် ပါ သူ့ကို ဘာခံစားချက်မှ မရှိ သော လူတစ်ယောက်အဖြစ်သာမြင် စေချင် သည်
သူ့ ရင် ထဲအကြိမ်ကြိမ် ငိုခဲ့ ပေမယ့် သူတခါမှ မျက် ရည်မကျဖူးပါ သူ့အားနည်းချက်တွေကို သူတပါးအားမပြ ချင် ပါ သူတပါးအသနားခံ အနှိမ်ခံဘဝ လည်းမ ရောက်ချင် ပါ ဒါကြောင့် သူ ခပ်မာမာ နေတတ်အောင် ကြိုးစားခဲ့သည် ရင် ဘတ်ထဲမှာ အကြိမ်ကြိမ် အရှုံးပေး ငို နေ ပေမယ့် လူအများအမြင် မှာသူဟာ မာနကြီးသော လူမှုရေးမသိတတ် သော အပြုံးအရယ် မရှိ သော အေးစက်စက် လူသားတစ်ယောက်ပါ သူ လူတွေကိုမုန်းသည် သို့သော်…
ယခု…
ပါးပြင် မှာ ပူ နွေးစိုစွတ် မှု …သူ ငို နေပါလား
ရင် ဘတ်ထဲက နာကျင် လာပြန်သည် ခေါင်းတွေထုံလာသည်
"ကျွီ …… "
ကုတင် ပေါ်လူတစ်ယောက် ထိုင် လိုက်တဲ့အသံမျိုး .
သို့သော် တစ်အိမ်လုံးမှာ သူတစ်ယောက်ပဲရှိပါသည်
"နင် ဘာလို့ ငါ့ကို မြင် ခွင့် မ ပေးတာလဲ နင် ဘယ်သူလဲ
"ငါနဲ့အတိတ်ဘဝ တွေက ပတ်သက်ခဲ့ဘူးလို့လား
ငါ့နားမှာနင် ရှိနေတဲ့အချိန်ကစပြီး ငါ အ မှောင် ဘက် ပို ရောက်လာသလိုခံစားရတယ် နင် ငါ့အသက်ယူဖို့ ရောက်လာခဲ့တာလား အခု ဘာလို့ငါ့အသက်မယူသေးတာလဲ အချိန်မတန်သေးလို့လား"
ကုတင် ဘက်ကိုလှမ်းကြည့်ပြီးသူတတွတ် တွတ်ပြောနေမိသည် ထိုစဉ် ခြံဝမှ ဘဲလ် တီးသံထပ် ကြားလိုက် ရသည်
ဝိုင် မပြန်သေးပါလား မဟုတ်သေးဘူး သူငါ့ကို တွေ့သွားပီပဲ ဝိုင် က သူ့ကိုလှမ်းကြည့်နေသည် သူခန်းဆီးစကို အမှတ်မထင် အကုန် ဖယ်မိပြီးကုတင် ဘက် အာရုံရောက်နေတုန်း ဝိုင် သူ့ကိုမြင် သွားတာဖြစ်လိမ့်မည်
မထူးတော့ပါ 


**********************



"ရော့ သော့ … ငါကလက်ပြန်ကြီးဖွင့် ရမှာ နင့် ဘာသာနင် ဖွင့် "
ဝိုင့်ကို သံတိုင် ကြားက နေ သော့ ထိုးပေးသည်
"မြေ့ နင် လုပ် ရက်တယ်ဟာ လေးရက်လုံး ဖုန်းပိတ်ထားတယ် ကျောင်းလည်းမလာဘူး အရင် ရက် က ငါခြံ ရှေ့လာတာ နင် မြင် တယ်မဟုတ်လား ဘာလို့ သော့ကို အပြင် က နေ လူမရှိသလို ခတ်ထားရတာလဲ "
မေးခွန်းတွေက ဆက်တိုက် . ဝိုင် ဒီနေ့ မြန်မာ ရင် ဖူံး ဝမ်းဆက်လေးနှင့် အရမ်းလှ နေသည် အသားဝင်းဝင်းလေးမှာ ဆံနွယ် ဝါ ဖျော့ ဖျော့ လှိုင်း တွန့် ဆံပင် ရှည် ရှည်လေး မျက်လုံးဝိုင်း ဝိုင်းလေး နှုတ်ခမ်းနှင်းဆီဖူး ပုံလေး မျက်ခုံးနက်နက် လေး မျက် တောင် ရှည် ရှည် ကော့ကော့တွေ နှာတံလုံးလုံးလေးနဲ့ မျက် နှာ ဖူးဖူးလေး ရှိသော ဝိုင် … ဝိုင် ဟာ သူ့ ရင် ထဲက ဘယ်တော့မှ မ သေဆုံးမယ့် ပန်းလေးတစ်ပွင့် ဆိုလဲမမှားပါ
"ဟဲ့ဖြေ လေ … "
"ဘာ ဖြေ ရမှာလဲ ငါ က "
"မြေ့ ငါစိတ်တို အောင် လာမလုပ်နဲ့နော် "
ဝိုင့် အသံကျယ်သွားသည် မြေ့ ပုံစံက ဖြူလျော်လျော် ဖြစ်နေသည် မြေ့က မ ဖြေပါ
"ငါ အ ပေါ် တက် နှင့်မယ် လိုက်လာခဲ့ "
ဟုဆိုပြီးအ ရှေ့က နေ ခြေလှမ်းကျဲကြီးတွေနဲ့ အရင် ထွက်သွားသည်
မြေ့ အခန်းထဲ ခြေ ချမိသည် နှင့် ခံစားနေကြ မသတီစရာအ ငွေ့အသက် တစ်ခု ကိုခံစားလိုက် ရသည်
ထို့နောက် တခန်းလုံး ပွ နေ သော မုန့်ထုပ်များ လုံးချေ ထားသောစာရွက်များ .မြေ့တီးနေကျ အနက် ရောင် ဂစ်တာတလက် . အဲ့ဂစ်တာကလည်း မှောက်ခုံ ဖြစ်နေသည် မြေ့က သူမ ထက် ပိုပြီးသပ်သပ် ရပ် ရပ်နေတတ်ပါသည် သေချာသည် မြေ့ ပြောင်းလဲနေတာ…
"မြေ့ နင် အပြင် ထွက်ထမင်းစားရဲ့လား"
"မစားဘူး ငါလေးရက်လုံးအဲ့ မုန့်ထုပ် တွေပဲ စားနေတွာ"
"မြေ့ …နင့် ကိုယ်နင် ဘာလို့ဒီလိုညှင်းဆဲနေတာလဲ နင် ဘာဖြစ်နေတာလဲ"
" နင့် အပူမပါဘူး နင် နေမြဲတိုင်းနေ"
"ဘာ! ငါကနင့်သူငယ်ချင်းလေ စိတ်မပူပဲနေမလား"
"သူငယ်ချင်း ???… တခါလာလည်းသူငယ်ချင်း…သူငယ်ချင်းဘဝက နေ ဘယ်တော့… "
ဝိုင် အံ့သြပြီးရင်း အံ့သြရင်းပဲ . မြေ့က သူမကို တခါမှဒီလိုအသံကျယ်ကျယ်နဲ့ မ အော်ဘူးပါ
ဟော… မြေ့ မျက် နှာလွှဲသွားပြန်ပြီ
"sry ဟာ… ငါအရမ်းစိတ်ညစ်နေလို့ "
မြေ့က ပြောလည်းပြော ဆံပင် တွေထိုးဖွ သူဝတ်ထားတဲ့ ရှပ်အကျီလက် ရှည် ကို ခုတင် ပေါ် ပစ်တင် လိုက်သည် မြေ့ အောက်ခံဝတ်ထားတာစွပ် ကျယ် အနက် ရောင် ခပ်ပွပွ . မြေ့ က မိန်းက လေးဖြစ်နေ ပေမယ့် တခြားမိန်းက လေးတွေလို တင် တွေရင် တွေ မရှိပါ အကျီနည်းနည်းလေး ပွတာဝတ်တာနဲ့
ပြားချပ် နေတာ ယောက်ျားလေးအတိုင်းပဲ
"နင် စိတ်ညစ်နေရင် ငါ့ကိုပြောပြ လေ နင် က ငါ့ကိုတခါမှ နင့်အ ကြောင်းရင် မဖွင့်ဘူး နင် အမြဲတခုခုကိုလျှို့ဝှက်ထားတယ် နင် ခံစားနေရတာတွေကိုနင် ဘယ်သူမှမ ပြောဘူးအဲ့ဒါမ ကောင်းဘူးမြေ့ "
"ငါ ပြောရင် နင် လက်ခံနိုင် မှာမို့လို့လား"
"ဘာကိုလဲ မြေ့"
"ဘာမှမဟုတ်… "
စကားမဆုံးလိုက်ပါ မြေ့ က ဝိုင့်အ ပေါ် ငိုက်ကျသွားသည် မြေ့ က ဝိုင့်ထက် အရပ် ရှည်ပါသည် ဝိုင် လည်း မြေ့ body ကို ထိန်းမနိုင် တော့ပဲ ခုတင် ပေါ် နှစ်ယောက်သားထပ်လျက် လဲကျသွားသည် ။



*********************



  • Part-5


"အို …မြေ့ "
မြေ့ က သူမ ကိုယ်ပေါ်မှာတုပ်တုပ် မျှ မလှုပ်ပါ
"မြေ့ ဘာဖြစ်တာလဲ"
မြေ့ … နဖူးကိုစမ်းကြည့်တော့ ကိုယ်တွေကျစ်ကျစ်တောက်ပူနေသည်
"ဝိုင် ရယ် … ဝိုင် ငါနင့်ကို …"
မြေ့ အဖျားအရှိန်နဲ့ က ယောင် ကတမ်းတွေ ဖြစ်နေသည် သူမ ကို တင်းကြပ်စွာဖက်ထားသည်
မြေ့ ကိုယ်အောက်မှာ သူမ ကိုယ် လေးက မြုပ် ဝင် နေသည်
"ဝိုင် … ငါ့နားကဘယ်မှမသွားပါနဲ့ဟာ…"
မြေ့ က သူမ ထားသွားမှာ ကြောက် နေတယ် ! ဝိုင် အံ့သြပြီးမျက်လုံးလေးပြူးသွားသည် မြေ့ ရဲ့လက်ဖဝါး တွေက
ဝိုင့် ခေါင်းလေးပေါ် ရောက် လာသည် မြေ့ မျက်လုံးတွေက တော့ပွင့်မလာပါ အို… မြေ့ ရဲ့ လက်တွေက သူမကို တယုတယ ထိတွေ့နေတာ
နွေးထွေးလိုက်တာ . မြေ့နဲ့သူမ ဒီလောက်ထိ နီးနီးကပ်ကပ် တခါမှ မ ထိ တွေ့ဖူးပါ တခါမှ သူမ မခံစားဖူးတဲ့ ခံစားချက် လေးတချို့ …

*************


မြေ့ နဖူးပေါ်မှာ ရေပတ် ဝတ်လေး တင် ထားပေးပြီး ဆရာဝန် ပင့် ဖို့ လှည့်ထွက်မည်အလုပ် …
"အို … အ မေ့"
မြေ့ က ဝိုင့် လက်ကို ဆွဲဆောင့် လိုက်သောကြောင့် ဝိုင် ခုတင် ပေါ်မှာငုတ်တုတ်လေးဖြစ်သွားသည်

"နင် သတိ ရပြီလား ငါဆရာဝန် သွားပင့် လိုက် ဦးမယ် "
"မလိုဘူး "
ပြောလည်းပြော မြေ့က ထ ထိုင် ဖို့ကြိုးစားသည်
ဝိုင် က မြေ့ ကိုယ်ကို အိပ် ရာပေါ်ပြန်တွန်းသည်
"ဘာမလိုဘူးလဲ နင် စောစောက သတိလစ် သွားသေးတယ်လေ က ယောင် ကတမ်းတွေ လျှောက်လုပ်နေပြီးတော့"
"အဲ့တော့…"
မြေ့ က ပြောလည်းပြော ဝိုင့် ခါးကို ဆွဲဖက် လိုက်တာ မြေ့ကိုယ်ပေါ် ဝိုင် ရောက်သွားသည်
"ဟာ လွှတ် မြေ့ နင် ဘာဖြစ်နေတာလဲ "
"မလွှတ်ဘူး ငါမခံစားနိုင် တော့ဘူး "
မြေ့က ပြောလည်းပြော ဝိုင့်ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားပြန်သည်
"ဘာကိုလဲ "
"သိချင် လား"
မြေ့က ဝိုင့် ကိုဖက်ထားလျက်က တပတ်လှိမ့်လိုက် ရာ ဝိုင် က မြေ့ အောက် အလိုလို ရောက်သွားသည် ဝိုင် မျက်လုံးလေးပြူးနေသည်

"ငါ့ကို အဲ့လိုမကြည့်နဲ့ ငါနင့်ကိုကိုက်မစားဘူး"
မြေ့က ပြုံးစစနှင့် ပြောသည် အလို… မြေ့ပြုံးနေပါလား ဘယ်တော့မှမပြုံးတဲ့မြေ့က …ပြုံးနေတယ် သူမ အံ့ သြ နေတုန်းမှာပဲ
မြေ့ နှုတ်ခမ်းတွေ က သူမ နှုတ်ခမ်းလေးနဲ့ထိကပ်နေသည်
"အို လွှတ် … မြေ့ ဘာလုပ်တာလဲ "
ဝိုင် အတင်း ရုန်းသည် မြေ့က သူမ ခန္ဓာကိုယ်လေးကိုတင်းကြပ်စွာ ဖက်ထားသည်
သူမ ခေါင်းလေးကို ပွတ်သပ်ပေးနေသည်
သူမ မရုန်းနိုင် တော့ပါ
"ဝိုင် … ငါနင့်ကိုဘာမှမလုပ်ပါဘူး မ ကြောက်နဲ့ "
ဘာမှမလုပ်ဘူးတဲ့ သူမ နှုတ်ခမ်းလေးပေါ်မှာအနမ်းမိုးတွေ ခြွေခဲ့ပြီးတော့မှဘာမှမလုပ်ပါဘူးတဲ့
"ဟူးးးး ငါအားမရှိဘူးဟာ ဖျားနေလို့ထင် တယ်"
မြေ့က ပြောလည်းပြော ဝိုင့်ဘေးမှာဝင် လှဲသည် ပြီးတော့ဝိုင့်ကို ပြန်ဖက်ထားသည် နဖူးလေးကို နမ်းသည် အားမရှိပေလို့ပဲ မြေ့ ရယ် . ရုန်းလေ ဝိုင် နင် ဘာလို့မရုန်းနိုင် တာလဲ . ဘာလို့ဘာမှ ပြန်မတုံ့ပြန်တာလဲ . ဝိုင် သူမ ကိုယ်သူမ မေးခွန်းတွေ ပြန်ထုတ်နေမိသည်
"မြေ့ နင် စားဖို့ငါတခုခုလုပ်ပေးမယ် နင့် အိမ်က ဆေးသေတ္တာဘယ်နားမှာလဲ"
ရန်တွေ့ရ မယ့်အစား စိတ် ဆိုးရမယ့်အစား ဝိုင့် နှုတ်ဖျားက ထွက်သွားတာ ထို စကားများသာ.
မြေ့က ဝိုင့် ကို ပိုတင်းတင်းလေးဖက်လိုက်ပြီး
"မထနဲ့ ဦး ဝိုင် … ဒီပုံစံအတိုင်းလေး ပဲနည်းနည်းထပ်ကြာအောင် နေပါရ စေ ငါ့ကို ခဏ လောက်ဖြစ်ဖြစ် ပြန်ဖက်ထားပေးပါလား"
သူမ ငြင်းဖို့အင် အားမရှိခဲ့ပါ မြေ့ ရဲ့ ထူးဆန်းလွန်းသော အမူအရာများ ကို သူမ နားမလည်ပါ မြေ့က သူမ ကိုဖက်ထားလျက်က နေ သူမ ရဲ့ နား နားကို ကပ်ပြီး
"ငါ နင့်ကို ချစ်တယ် "
တဲ့ …… 


*****************်

By Author Zero


💓💖

Find on ...
Find on Facebook

Comments

Popular posts from this blog

Dia - Chapter 1 by Author Amonra - ❤ Reunion of True Friends

He and She - Episode 1 - by Author J.Virus 👦👧💖👥